နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Showing posts with label ဆောင်ပါး. Show all posts
Showing posts with label ဆောင်ပါး. Show all posts

Friday, 24 February 2012

သူငယ်ချင်းကောင်း ရွှေးချယ်ပေါင်းစေချင်








ယနေ့ စာဖတ်ပရိသတ်တွေအတွက် သူငယ်ချင်းကောင်း ရွှေးချယ်ပေါင်းစေချင် ဆိုတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကိုရေးသားတင်ပြပေးပါရစေ။ဘ၀မှာသူငယ်ချင်းကောင်းဘယ်လောက်အရေး ကြီးသလဲဆိုတာ စာဖတ်ပရိသတ်တွေကို သိစေချင်လို့ ရေးသားတင်ပြပေးတာပါ။ မိမိ တို့ ဖြတ်သန်းနေကြရတဲ့ ဘ၀ တစ်လျှောက်မှာသူငယ်ချင်းကောင်း ဖြစ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိကြဖို့ အလွန်အရေးကြီးလှပါတယ်။ လောက မှာလူသားတိုင်း တစ်နေ့တာ ရဲ့ ခရီးစဉ်ကို နေ့စဉ်နေ့တိုင်း မသေ
ဆုံးသေးသ၍ ဖြတ်သန်းသွားနေကြရတဲ့ အခါအပေါင်းအသင်း သူငယ်ချင်း များစွာနဲ့ ပေါင်းသင်း ဆက်ဆံနေကြရပါတယ်။

Tuesday, 21 February 2012

အဖေ့ အတွက် ရင်တွင်းဖြစ်သားတစ်ယောက်

             ပိုစ့် တစ်ခုတင်မယ်လို့ တွေ့လိုက်မိတိုင်း စိတ်ထဲမှာ ဘာမှပေါ်မလားသလို ဘာမှလဲ ရေးစရာမရှိ
ဖြစ်နေတတ်တာ အမြဲ ပါပဲ။ တရား ဆောင်ပါးရေးတာမျိုး၊ ကိုယ့်ရဲ့ ရင်တွင်းဖြစ်တွေ ၊ အတွေ့ အကြုံ တွေ
ရေးကြတာ အတော်လေး ကောင်းကြပါတယ်။ သူတို့လေးတွေကို အမြဲ ချီးကျူးနေမိ လေးစားနေမိပါတယ်
 စာအရေးအသားတွေက စာရေးဆရာတစ်ယောက် ကဲ့သို့ ပညာရှိစာပေ အသိုင်းအ၀ိုင်းမှ လေးစားပြီး
လက်ခံနိုင်လောက်တဲ့ ရေးသားချက်တွေ ဖော်ပြချက် တွေကို အတုယူ လေ့လာနေမိပါတယ်။
        လွန်ခဲ့သော ၂၇ ရက်၊ ၁၂ လ၊ ၂၀၁၁ ခုနှစ်က  ညတစ်ညမှာ အိမ်မက်ဆိုး တစ်ခု မြင်မက်ခဲ့ရ
ပါတယ်၊ အလားတူ ထိုအိမ်မက်မျိုးကို သုံးကြိမ် တိုင်တိုင် မြင်မက်ခဲ့ရသောကြောင့် စိုးရိမ်ပူပန်မိခဲ့ပါတယ်။

Friday, 17 February 2012

" မေတ္တာပွား မှ ငြိမ်းချမ်းမယ် "

      မေတ္တာ နဲ့ ပတ်သတ်တဲ့ ဆောင်ပါး လေးတစ်ပုဒ် ကို
 တရားလုပ်ပြီး ရေးသားပါမယ်၊ဒါပေမယ့်လဲ  မေတ္တာ
တရားနဲ့ ပတ်သတ်လို့ ပြည့်ပြည့်စုံစုံတော့ မသိပါဘူး ၊ သို့သော်လဲ ကိုယ်သိသလောက် နားလည်ထားသ
                       လောက်တော့ တင်ပြပေးပါမယ်၊

   ဒီ မေတ္တာတရားနဲ့ပတ်သတ်လို့ သင်္ဂဇာ ဆရာတော်ဘုရားကြီးကဂါထာ လေးတစ်ပုဒ်ရေးသားထားခဲ့ပါတယ်၊
                       မေတ္တာလုကော ခမာသီလော သဗ္ဗဌာနေသု နိဗ္ဘယော။
                       ပရတ္ထ သတ္ထ မိစ္ဆန္တော ခန္တိံ မေတ္တဉ္စ ဘာဝယေ။ တဲ့.. မိမိ တို့အားလုံး လိုက်နာစရာ သိပ်
ကောင်းတဲ့ ဂါထာ တစ်ပုဒ်ပါ။

Thursday, 16 February 2012

မစ္ဆရိယ ၏ မကောင်း သော ဆိုးကျိုး များ


            မနာလိုစိတ်ကို မစ္ဆရိယ စိတ်လို့ တစ်ချို့က မှားယွင်းစွာထင် တတ်ကြ ပြောဆိုတတ်ကြသည်၊ တကယ်တော့မစ္ဆရိယစိတ် ဆိုသည်မှာ ၀န်တိုခြင်းကို ခေါ်လေသည်၊ သို့သော် ထို မစ္ဆရိယ ကို ဣဿာ နှင့်
မှားတတ်ကြလေသည်။ ဣဿာ မှာ မနာလိုခြင်း သဘော ဖြစ်၍ သူတစ်ပါးကောင်းစားသည် ကို ၀မ်းမမြောက်နိုင်ဘဲ အတင်း အဖျင်း ပြောဆိုကာ နစ်နာပျက်ဆီးအောင် ကြံစည်တတ်ခြင်းသဘောလဲ ဖြစ်ပေသည်။

Monday, 13 February 2012

ရူပံ ဘိက္ခဝေ အနတ္တာ

၂၁ ရာစုကို နည်းပညာခေတ်(techonologyAge) သတင်းနည်းပညာခေတ်(Information techology Age)
ဟု သတ်မှတ်ခေါ်ဝေါ်နေကြသည်။လွန်ခဲ့သောရာစုနှစ်များ