လောက ၌ သတ္တ၀ါ မှန်သမျှသည် ကျေးဇူးနှင့် ကင်းကွာ၍ မဖြစ်နိုင်သလို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏
အောင်မြင်ကျော်ကြားမှုသည်လည်း ကျေးဇူး တရားနှင့် မကင်းနိုင်ပေ။ သို့အတွက်ကြောင့် လူသားတိုင်း
၌ ကျေးဇူးတရားသည် တစ်ဦးပေါ် တစ်ဦး တစ်ယောက်ပေါ်တစ်ယောက် အသီးသီး ရှိကြလေသည်။