နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 3 August 2012

“ ဝါဆိုလပြည့် ဓမ္မစကြာနေ့”

ဒုတိယ ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့တွင် မိမိသည် မဇ္ဈိမဒေသ ခေါ် မြတ်ဗုဒ္ဓ ၏ မြေမြတ်မဟာ ဖြစ်သော ဘုရားပွင့်ရာ ဗုဒ္ဓဂယာ သို့ ရောက်၍ ဓမ္မစကြာပါဠိတော်များနှင့် ဘုရားဝတ်ပြုဂါထာတော်များ ရွတ်ဖတ်
ပူဇော်ခဲ့ပါသည် ။ ရွတ်ဖတ်ပြီး၍ စင်္ကြံလျှောက် ကာ လှည့်လည်မေတ္တာပို့သနေခိုက် ကမ္ဘာအသီးသီးမှ ဘုရား
ဝတ်ပြုသူများ၏ တရား အသံများကိုလဲ ကြားနေရသည် ။ ဗုဒ္ဓဘာသာ အယူချင်းတူညီကြသော်လည်း
လူမျိုးမတူ တိုင်းတစ်ပါးသားများဖြစ်၍ ရွတ်ဖတ်သံများကို နားမလည်သော်လဲ စိတ်ထဲ နှလုံးသားထဲမှာ ကြည်နူး
မှု များစွာ ခံစားခဲ့ရပါသည် ။ ဓမ္မ ပဿန္တော မံ ပဿတိ ဟူသော ရှင်တော်ဘုရား၏ မိန့်မှာ စကားအရ ဓမ္မကို
သိမြင်အောင် လေ့ကျင့်နေသော သူတော်စင်များဖြစ်၍ ဝမ်းသာကြည်နူးမိခြင်းဖြစ်ခဲ့သလို ဓမ္မ အမြင်လည်း
တကယ် တွေ့မြင်နိုင်ကြပါစေ  လို့ ဆန္ဒပြုနေမိပါသည်။
ကလေး ဘဝက လင်္ကာလေး တစ်ပုဒ် မှတ်သားခဲ့ဖူးပါသည်။  သက်တော်ထင်ရှား မြတ်ဘုရား နှင့် ရုပ်ပွားစေတီ
 အလီလီဝယ် တူညီစိတ်ထား ကြည်ဖြူငြားက အလားတူမျှ ကောင်းကျိုးရ၏ “… ဟူသတည်း ။ ထို လင်္ကာလေး
ကို သေသေချာချာ အာရုံယူပြီး ဘုရား ဝတ်ပြုခဲ့သလို သူတှိ့ကိုလည်း မိမိကဲ့သို့ အာရုံပြု ဘုရားဝတ်ပြုတတ်
အောင် သင်ပြချင်စိတ်ပေါ်ပေါက်လာခဲ့မိတော့သည်။ အကြောင်းကား.ဘုရားပွင့်ရာ ဗုဒ္ဓဂယာ ဒေသသို့လည်း
ရောက်နေခိုက် အာရုံပြုလို့ လဲ အလွန်ကောင်းနေခိုက်မှာ ဘုရားရှင် ၏အထိမ်းအမှတ်အဖြစ်တည်ထားကိုးကွယ်
နေကြသော စေတီတော်ကို ပုံတော်အတွင်း ဂုဏ်တော်သွင်းကာ သက်ရှိထင်ရှားမြတ်စွာဘုရား နှင့် တစ်သား
တည်းထင်အောင် အာရုံပြုနိုင်ကြမည်ဆိုလျှင်…….
                                                  တိဌန္တေ  နိဗ္ဗုတေ စာပိ ၊ သမေ စိတ္တေ သမံ ဖလံ ၊
                                                   စေတော ပဏိဓိဟေတု ဟိ ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိ ဟူသော မြတ်စွာ
ဘုရား ဟောကြားထားသည့် ဂါထာ အရ သက်တော်ထင်ရှား မြတ်စွာဘုရား ကဲ့သို့ ရိုရိုသေသေ ဂါရဝတရား
ဖြင့် စိတ်စေတနာ တူမျှစွာ ထားပြီး ရွတ်ဖတ်ပူဇော်ကြ သူတို့ မှာရရှိသော အကျိုးတရား ကား  အာရုံပြုသော
စိတ်ထား  မွန်မြတ်သော ဖြူစင်သော စိတ်ထားဖြင့် ရွတ်ဖတ်ပူဇော်သောကြောင့် သုဂတိ ဘုံဘဝ နှင့်
နိဗ္ဗာန် အမတ သို့ ရောက်နိုင်ပေလိမ့် မဟုတ်ပါလား ..။
ဘုရားဟောထား သော ပဌာန်းတရားတော်အရ ကောင်းသော အလုပ် လုပ်တဲ့အခါ ဘယ်လို ကုသိုလ်မျိုး ဘယ်လို အလုပ်မျိုးပဲ ဖြစ်ဖြစ် အလုပ်တစ်ခု လုပ်တယ်ဆိုရင် အဓိပတိ တပ်ပြီး လုပ်ပါ တဲ့ ။ ထက်ထက်မြက်မြက်
နဲ့ အလုပ်လုပ်ရင် ထိုက်ထိုက်တန်တန် အကျိုးတရားတွေ ရမယ် တဲ့၊ ဒီတော့ ဘာပဲ လုပ်လုပ် မိမိ တို့
အားလုံးမှာ မအားသည့် ကြားက ကြိုးစား ပြီး ဘုရားလာ ဝတ်ပြုကြရတာ ဆိုတော့ ပင်ပန်းရကျိုးနပ်အောင်
ကြိုးစားပြီး နှလုံးသွင်းတတ်ကြစေလိုပါသည်။
ယခု တင်ပြခဲ့သော ဝါဆိုလပြည့် နေ့ ကို ဓမ္မစကြာနေ့ ဟု သတ်မှတ်ခဲ့ခြင်းမှာ ဝါဆိုလပြည့်နေ့ တွင်
မြတ်စွာဘုရားသည်   ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်ပြီး ဟူ၍ ပဉ္စဝဂ္ဂီ ငါးဦးတို့အား သိစေခြင်းအကျိုးငှာ
ဓမ္မစကြာတရား ဟောကြားခဲ့ခြင်းကို အကြောင်းပြု၍ ဓမ္မစကြာနေ့ ဟု  ဗုဒ္ဓဘာသာ အားလုံး အသိအမှတ်ပြု
လက်ခံခဲ့ခြင်း ဖြစ်ပေသည်။  မြတ်စွာ ဘုရား သည် ဓမ္မစကြာတရားတော်ကို အိန္ဒိယ နိုင်ငံ ဗာရာဏသီပြည်ရှိ
မိဂဒါဝုန်တောတွင် မဟာသက္ကရာဇ် တစ်ရာ့သုံးခုနှစ် ဝါဆိုလပြည့်နေ့ တွင် ဟောကြားခဲ့ပါသည်။
ဓမ္မစကြာတရားသည် သစ္စာလေးပါး တရားတော်နှင့် တရား ကျင့်စဉ် အစွန်းနှစ်ခုကို ရှောင်၍  မဇ္ဈိမ ပဋိပဒါ
လမ်းစဉ်အတိုင်း အားထုတ်ဖို့ ကျင့်သုံးဖို့  တရားလမ်းကြောင်းညွန်ပြသော  တရားတော်ဖြစ်ပေသည်။
မြတ်စွာဘုရား၏ ပထမဆုံး တရားဦးလည်း ဖြစ်ခဲ့ပေသည်။ ထို့ကြောင့်  ဗုဒ္ဓဘာသာ သူတော်စင်များ သည်
ထို့ နေ့ ကို ထူးခြားမွန်မြတ်သော နေထူးအဖြစ်လည်းကောင်း ရဟန်းသံဃာတော်များ ဝါဆို ဝါကပ်ကြရန်
 နေ့ထူးနေ့မြတ် ဖြစ်သောကြောင့်လည်းကောင်း  ကျက်သရေမင်္ဂလာ ရှိသော နေ့တစ်နေ့ ဖြစ်ခဲ့ပေတော့သည်။
                                                                             အရှင်နန္ဒမဉ္ဖူ ရေးသားတင်ပြသည်။ (၂-၈-၂၀၁၂)