နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 3 August 2012

“ဗုဒ္ဓ ကို ပူဇော် နည်း နှစ်မျိုးဖြင့် ပူဇော် ခြင်း”

အရဟံ ဂုဏ်တော်ရှင် မြတ်စွာဘုရားအား ပူဇော်ရာ တွင် အာမိသ ပူဇာ ဖြင့် ပူဇော်ခြင်း ၊ ဓမ္မ ပူဇာဖြင့်
ပူဇော်ခြင်း ဟူ၍ ပူဇော်နည်းနှစ်မျိုးရှိပါသည် ။
၁။ အာမိသပူဇာ = ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ( အသုံးအဆောင်များ) ဖြင့် ပူဇော် ရာတွင်
အရဟံ ဂုဏ်တော်ရှင် မြတ်စွာ ဘုရား၏ စိတ်တော်အစဉ် ကိလေသာ အညစ်အကြေး အနောက်အကျုတို့မှ
ကင်းသဖြင့် သန့်ရှင်း ကြည်လင်လျက် ရှိတော်မူပုံ ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု ဟူသမျှတို့ကို
ကိုယ်ဖြင့် ပြုတော် မမူ နှုတ်ဖြင့် ပြောတော်မမူ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့်  အတုမရှိသော သီလ ဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် တို့နှင့် ကုံလုံပြည့်ဝ၍  ပူဇော်မှုကို အထူးခံယူတော်မူထိုက်ပုံ စသော ဂုဏ်ရည်တို့ကို
ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီ  ယုံကြည်စွာ ရှိခိုးလျက် လှူဒါန်း စရာ အသီးသီးတို့ ကပ်လှူလျက်

ပူဇော်ရမည် ။ (မှတ်ချက်) သရဏဂုံ နှင့် သီလ ခံယူဆောက်တည်၍ လှူဒါန်းလျှင် အာမိသ ပူဇာ ၊ ဓမ္မပူဇာ
နှစ်မျိုးလုံး ရရှိနိုင်သည် ဟု မှတ်လေ ။
၂။ ဓမ္မပူဇာ= တရားတော်ဖြင့် ပူဇော်ရာတွင် မိမိ တို့၏ စိတ်အစဉ်ကို ကိလေသာ အညစ်အကြေး အနောက်
အကျုတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်အောင် ဆေးကြော သုတ်သင်၍ ဆိတ်ကွယ်ရာ အရပ်တွင်မကောင်း
မှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုခြင်း နှုတ်ဖြင့် ပြောခြင်း စိတ်ဖြင့် ကြံစည်ခြင်း တို့မှ ရှောင်ကြဉ်လျက် သီလ
သမာဓိ ပညာ တို့ ကို တိုးပွားသထက် တိုးပွားအောင် ကြိုးစားအားထုတ် ကျင့်သုံးရမည် ၊ဤ သို့ ကြိုးစား
အားထုတ်ကျင့်သုံးခြင်းသည် အရဟံ ဂုဏ်တော်ရှင် မြတ်စွာဘုရား အား တရားတော်ဖြင့် ပူဇော်သည်
မည်ပါသည်  ၊ လောကုတ္တရာ တရား ကိုးပါးအားလျော်သောကျင့်ဝတ် ပဋိပတ် အကျင့်မြတ် ( ဓမ္မာနုဓမ္မာ
ပဋိပတ်) ဖြင့် ပူဇော်ခြင်း ဟူသည် ဤ  နည်းဖြင့် ပူဇော်ခြင်း ပင်ဖြစ်ပေသည်။
အာမိသပူဇာ နှင့် ဓမ္မပူဇာ နှစ်ပါးတွင် ဓမ္မပူဇာ သည် အာမိသ ပူဇာထက် အဆရာထောင်မက မြတ်ကြောင်း
အမြတ်ဆုံး ဖြစ်ကြောင်း ကျမ်းဂန်တို့တွင် ပြဆိုထားပေသည် ။
အရှင်နန္ဒမဉ္ဇူ (၂၈-၇-၂၀၁၂)