နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 3 August 2012

“ဗုဒ္ဓ ကို ပူဇော် နည်း နှစ်မျိုးဖြင့် ပူဇော် ခြင်း”

အရဟံ ဂုဏ်တော်ရှင် မြတ်စွာဘုရားအား ပူဇော်ရာ တွင် အာမိသ ပူဇာ ဖြင့် ပူဇော်ခြင်း ၊ ဓမ္မ ပူဇာဖြင့်
ပူဇော်ခြင်း ဟူ၍ ပူဇော်နည်းနှစ်မျိုးရှိပါသည် ။
၁။ အာမိသပူဇာ = ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ( အသုံးအဆောင်များ) ဖြင့် ပူဇော် ရာတွင်
အရဟံ ဂုဏ်တော်ရှင် မြတ်စွာ ဘုရား၏ စိတ်တော်အစဉ် ကိလေသာ အညစ်အကြေး အနောက်အကျုတို့မှ
ကင်းသဖြင့် သန့်ရှင်း ကြည်လင်လျက် ရှိတော်မူပုံ ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု ဟူသမျှတို့ကို
ကိုယ်ဖြင့် ပြုတော် မမူ နှုတ်ဖြင့် ပြောတော်မမူ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့်  အတုမရှိသော သီလ ဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် တို့နှင့် ကုံလုံပြည့်ဝ၍  ပူဇော်မှုကို အထူးခံယူတော်မူထိုက်ပုံ စသော ဂုဏ်ရည်တို့ကို
ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီ  ယုံကြည်စွာ ရှိခိုးလျက် လှူဒါန်း စရာ အသီးသီးတို့ ကပ်လှူလျက်

“(၁၃၇၄) ရဲ့ ဒုတိယဝါဆိုလပြည့်ကျော်၁ရက်နေ့ မှတ်တမ်း ဆောင်ပါး”

 ၁၃၇၄-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ရက်နေ့ ညနေတွင် အိန္ဒိယ နိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ပိုင် ကျောင်းသို့ အိန္ဒိယပညာသင်ရဟန်းတော်များ ကြွရောက်၍ ဝါဆိုဝါကပ်ကြလေသည်။  
မိမိ တို့သည် ဘုရားရှင် ပွင့်ထွန်းခဲ့ရာနေရာ တစ်နည်းဆိုရသော်  ဗုဒ္ဓမြတ်စွာရရှိခဲ့သောတရားတော်များ၏  ဓမ္မသရခေါ် တရား နှင့်ပျော်မွေ့ခဲ့ရာနေရာဖြစ်သော မဇ္ဈိမ ဒေသ တွင် ယခု ကဲ့သို့ ဝါဆိုခွင့် ရရှိခဲ့ကြခြင်း မှာ
အလွန်ကံထူးသော မဟာ ကံထူးရှင်များ ဖြစ်သည့်အတွက် ဒီအခွင့်ရေးထူးများကို ရရှိသည် ဟု ဆိုလျှင် မှား
မည်မထင်ပေ။ မြန်မာနိုင်ငံတွင် သိန်းနှင့်ချီ၍ ရဟန်းတော်များ သီတင်းသုံးနေကြသည့်အနက် ဘုရားပွင့်ရာ

“ ဝါဆိုလပြည့် ဓမ္မစကြာနေ့”

ဒုတိယ ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့တွင် မိမိသည် မဇ္ဈိမဒေသ ခေါ် မြတ်ဗုဒ္ဓ ၏ မြေမြတ်မဟာ ဖြစ်သော ဘုရားပွင့်ရာ ဗုဒ္ဓဂယာ သို့ ရောက်၍ ဓမ္မစကြာပါဠိတော်များနှင့် ဘုရားဝတ်ပြုဂါထာတော်များ ရွတ်ဖတ်
ပူဇော်ခဲ့ပါသည် ။ ရွတ်ဖတ်ပြီး၍ စင်္ကြံလျှောက် ကာ လှည့်လည်မေတ္တာပို့သနေခိုက် ကမ္ဘာအသီးသီးမှ ဘုရား
ဝတ်ပြုသူများ၏ တရား အသံများကိုလဲ ကြားနေရသည် ။ ဗုဒ္ဓဘာသာ အယူချင်းတူညီကြသော်လည်း
လူမျိုးမတူ တိုင်းတစ်ပါးသားများဖြစ်၍ ရွတ်ဖတ်သံများကို နားမလည်သော်လဲ စိတ်ထဲ နှလုံးသားထဲမှာ ကြည်နူး
မှု များစွာ ခံစားခဲ့ရပါသည် ။ ဓမ္မ ပဿန္တော မံ ပဿတိ ဟူသော ရှင်တော်ဘုရား၏ မိန့်မှာ စကားအရ ဓမ္မကို

Sunday 18 March 2012

တန်ဖိုး မဖြတ်နိုင်သော ကျေးဇူး


လောက ၌ သတ္တ၀ါ  မှန်သမျှသည် ကျေးဇူးနှင့် ကင်းကွာ၍  မဖြစ်နိုင်သလို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏
အောင်မြင်ကျော်ကြားမှုသည်လည်း ကျေးဇူး တရားနှင့် မကင်းနိုင်ပေ။ သို့အတွက်ကြောင့် လူသားတိုင်း
၌ ကျေးဇူးတရားသည် တစ်ဦးပေါ် တစ်ဦး တစ်ယောက်ပေါ်တစ်ယောက် အသီးသီး ရှိကြလေသည်။

Friday 9 March 2012

" ဂုဏ် ရှိသူရဲ့ စကား"

စာရေးသူ မြန်မာပြည်တွင် ရှိနေစဉ် မော်လမြိုင် မှ မိတ်ဆွေ တစ်ယောက် က ၀မ်းမြောက်စွာ ပင့်လျှောက်
သည်၊ မော်လမြိုင် သို့ အလည်တစ်ခေါက် ကြွရောက်နိုင်ပါသေးလျှင် ကြွဖို့ နှင့် တရားဓမ္မ နာကြား ချင်သေး
ကြောင်း ၊စကားလက်ဆုံ တရား စုံစုံလင်လင် မနာကြားရတာကြာပြီးဖြစ်ကြောင်း၊ မော်လမြိုင် မှ အပြီးတိုင်
ခွဲသွားသော်လဲ  ဘယ်သော်အခါမှ မမေ့နိုင်သေးကြောင်း စသည်ဖြင့် လျှောက်ထား ချက် ပါရှိသည်။

Monday 5 March 2012

မေဃိယသုတ္တန် တရားတော်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

မေဃိယသုတ္တန် တရားတော်


အကုသိုလ်ဝိတက်များကို အရိယမဂ်တရားဖြင့် ပယ်ရှားနိုင်ရန် ရည်သန်ဟောကြားခြင်း

ကောဇာသက္ကရာဇ် ၁၃၃၃-ခု၊ သာသနာတော် ၂၅၁၅-ခုနှစ်၊
တပေါင်းလပြည့်ကျော်(၆)ရက်နေ့ည၊
ရန်ကုန်မြို့ ကျားကူးဓမ္မာရုံကြီး၌ ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်များအား ပူဇော်ပွဲ၊
အဘိဓမ္မာသင်တန်းပြ ဆရားတို့အား ဂုဏ်ပြုထောမနာပွဲ၊
ဆူးလေစေတီတော်မြတ်အား ရွှေပြားသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၌ ဟောကြားအပ်သော ဥက္ကဋ္ဌကြီး မျှော်ခေါ်တောင့်တသည့် “မေဃိယသုတ္တန်တရား” လို့ ကြေညာထားတဲ့အတိုင်း မေဃိယသုတ္တန်ကို ဟောပါ့မယ်။

အဲဒီ မေဃိယသုတ္တန်က ခုဒ္ဒကနိကာယ်၊
ဥဒါန်းပါဠိတော်မှာ မေဃိယသုတ္တန်လို့ ပါတယ်။
အစဆုံး အရှင်အာနန္ဒာက တရားနိဒါန်း စ ပေးလိုက်တယ်။

Friday 24 February 2012

သူငယ်ချင်းကောင်း ရွှေးချယ်ပေါင်းစေချင်








ယနေ့ စာဖတ်ပရိသတ်တွေအတွက် သူငယ်ချင်းကောင်း ရွှေးချယ်ပေါင်းစေချင် ဆိုတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကိုရေးသားတင်ပြပေးပါရစေ။ဘ၀မှာသူငယ်ချင်းကောင်းဘယ်လောက်အရေး ကြီးသလဲဆိုတာ စာဖတ်ပရိသတ်တွေကို သိစေချင်လို့ ရေးသားတင်ပြပေးတာပါ။ မိမိ တို့ ဖြတ်သန်းနေကြရတဲ့ ဘ၀ တစ်လျှောက်မှာသူငယ်ချင်းကောင်း ဖြစ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိကြဖို့ အလွန်အရေးကြီးလှပါတယ်။ လောက မှာလူသားတိုင်း တစ်နေ့တာ ရဲ့ ခရီးစဉ်ကို နေ့စဉ်နေ့တိုင်း မသေ
ဆုံးသေးသ၍ ဖြတ်သန်းသွားနေကြရတဲ့ အခါအပေါင်းအသင်း သူငယ်ချင်း များစွာနဲ့ ပေါင်းသင်း ဆက်ဆံနေကြရပါတယ်။

Thursday 23 February 2012

အမ ထံ သို့ အမှတ်တရ ပေးစာ

        အားလုံးကို သတိတရ စာရေးလိုက်ပါတယ်၊ ဖုန်း နှင့် စကားပြောနိုင်သော်လည်း ဦးဇင်း စာရေးပါ၊
 စာရေးတာက အကြောင်းစုံ သိရတယ် ဆိုလို စာရေးလိုက်တာပါ၊ ဦးဇင်း လည်း ဖုန်း နဲ့ စကား ပြောရတာ
အားမရပါဘူး ၊ သတိရတိုင်း အားရပါးရ စာရေးဖို့ အကြံ ဖြစ်မိပေမယ့် ကျောင်းစာ နဲ့ နပန်းလုံး နေရတာ
ကြောင့် စာမရေးဖြစ်ခဲ့တာ ကြာခဲ့ရပါတယ် 
       အမခင်ဝင်းကြည်၊ အမအေးအေးမာ၊ အမတင်တင်လှ တို့ရဲ့ အားပေးစကားတွေကြောင့် အဝေးမှာ
နေရပေမယ့် အမြဲ အားတက်ခဲ့ရသလို မေ့လိုလဲ မရခဲ့ပါဘူး ၊ဒကာကြီးဦးခင်မောင် ဒကာမကြီး ဒေါ်သန်းတင် တို့ကိုလည်း သတိရပါတယ် ၊ နေရောကောင်းကြရဲ့ လား၊

Tuesday 21 February 2012

အဖေ့ အတွက် ရင်တွင်းဖြစ်သားတစ်ယောက်

             ပိုစ့် တစ်ခုတင်မယ်လို့ တွေ့လိုက်မိတိုင်း စိတ်ထဲမှာ ဘာမှပေါ်မလားသလို ဘာမှလဲ ရေးစရာမရှိ
ဖြစ်နေတတ်တာ အမြဲ ပါပဲ။ တရား ဆောင်ပါးရေးတာမျိုး၊ ကိုယ့်ရဲ့ ရင်တွင်းဖြစ်တွေ ၊ အတွေ့ အကြုံ တွေ
ရေးကြတာ အတော်လေး ကောင်းကြပါတယ်။ သူတို့လေးတွေကို အမြဲ ချီးကျူးနေမိ လေးစားနေမိပါတယ်
 စာအရေးအသားတွေက စာရေးဆရာတစ်ယောက် ကဲ့သို့ ပညာရှိစာပေ အသိုင်းအ၀ိုင်းမှ လေးစားပြီး
လက်ခံနိုင်လောက်တဲ့ ရေးသားချက်တွေ ဖော်ပြချက် တွေကို အတုယူ လေ့လာနေမိပါတယ်။
        လွန်ခဲ့သော ၂၇ ရက်၊ ၁၂ လ၊ ၂၀၁၁ ခုနှစ်က  ညတစ်ညမှာ အိမ်မက်ဆိုး တစ်ခု မြင်မက်ခဲ့ရ
ပါတယ်၊ အလားတူ ထိုအိမ်မက်မျိုးကို သုံးကြိမ် တိုင်တိုင် မြင်မက်ခဲ့ရသောကြောင့် စိုးရိမ်ပူပန်မိခဲ့ပါတယ်။

Friday 17 February 2012

" မေတ္တာပွား မှ ငြိမ်းချမ်းမယ် "

      မေတ္တာ နဲ့ ပတ်သတ်တဲ့ ဆောင်ပါး လေးတစ်ပုဒ် ကို
 တရားလုပ်ပြီး ရေးသားပါမယ်၊ဒါပေမယ့်လဲ  မေတ္တာ
တရားနဲ့ ပတ်သတ်လို့ ပြည့်ပြည့်စုံစုံတော့ မသိပါဘူး ၊ သို့သော်လဲ ကိုယ်သိသလောက် နားလည်ထားသ
                       လောက်တော့ တင်ပြပေးပါမယ်၊

   ဒီ မေတ္တာတရားနဲ့ပတ်သတ်လို့ သင်္ဂဇာ ဆရာတော်ဘုရားကြီးကဂါထာ လေးတစ်ပုဒ်ရေးသားထားခဲ့ပါတယ်၊
                       မေတ္တာလုကော ခမာသီလော သဗ္ဗဌာနေသု နိဗ္ဘယော။
                       ပရတ္ထ သတ္ထ မိစ္ဆန္တော ခန္တိံ မေတ္တဉ္စ ဘာဝယေ။ တဲ့.. မိမိ တို့အားလုံး လိုက်နာစရာ သိပ်
ကောင်းတဲ့ ဂါထာ တစ်ပုဒ်ပါ။

Thursday 16 February 2012

မစ္ဆရိယ ၏ မကောင်း သော ဆိုးကျိုး များ


            မနာလိုစိတ်ကို မစ္ဆရိယ စိတ်လို့ တစ်ချို့က မှားယွင်းစွာထင် တတ်ကြ ပြောဆိုတတ်ကြသည်၊ တကယ်တော့မစ္ဆရိယစိတ် ဆိုသည်မှာ ၀န်တိုခြင်းကို ခေါ်လေသည်၊ သို့သော် ထို မစ္ဆရိယ ကို ဣဿာ နှင့်
မှားတတ်ကြလေသည်။ ဣဿာ မှာ မနာလိုခြင်း သဘော ဖြစ်၍ သူတစ်ပါးကောင်းစားသည် ကို ၀မ်းမမြောက်နိုင်ဘဲ အတင်း အဖျင်း ပြောဆိုကာ နစ်နာပျက်ဆီးအောင် ကြံစည်တတ်ခြင်းသဘောလဲ ဖြစ်ပေသည်။

Monday 13 February 2012

ရူပံ ဘိက္ခဝေ အနတ္တာ

၂၁ ရာစုကို နည်းပညာခေတ်(techonologyAge) သတင်းနည်းပညာခေတ်(Information techology Age)
ဟု သတ်မှတ်ခေါ်ဝေါ်နေကြသည်။လွန်ခဲ့သောရာစုနှစ်များ

Saturday 11 February 2012

အလင်္ကာပညာရှိနှစ်ဦး

ခင်မင်ရပါသော ဓမ္မမိတ်ဆွေ စာဖတ်ပရိသတ်အပေါင်းတို့ ကို ဒီတစ်ခါမှာ...တင်ပြမယ် အလက်ာပညာရှိနှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ လုံးလဝီရိယထုတ်ခြင်းဆို တဲ့ အကြောင်းနဲ့ ပါတ်သတ်ပါတယ် ဒီအကြောင်းရာတွေနှင့်ပါတ်သက်လို့ မေးခွန်းတွေဆက်တိုက်မေး တဲ့ မိလိန္ဒမင်းကြီးက မေးဖို့ အမြဲတက်ကြွနေသလို ဖြေဖို့  အဆင်သင့်ဖြစ်နေတဲ့ ရှင်နာဂသေနာမှာလည်း တက်ကြွရွှင်လန်းနေပါတယ်။ 

မြတ်ဗုဒ္ဓ၏ သစ္စာဥာဏ်အမြင်