နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Monday 13 February 2012

ရူပံ ဘိက္ခဝေ အနတ္တာ

၂၁ ရာစုကို နည်းပညာခေတ်(techonologyAge) သတင်းနည်းပညာခေတ်(Information techology Age)
ဟု သတ်မှတ်ခေါ်ဝေါ်နေကြသည်။လွန်ခဲ့သောရာစုနှစ်များ
နဲ့မတူဘဲ တမ္ကာလုံးရှိ နိုင်ငံကြီးငယ်၊လူမျိုးအားလုံး တို့သည် တိုးတက်ခြင်းကို အရှိန်းအဟုန်းပြင်းစွာဖြင့် ရရှိနေကြသည်ဟုသတ်မှတ်ကြသည်။ အားလုံးက ရုပ်သဘောမျိုးတိုးတက်မှုကို ခံစားပြီး ပျော်ရွှင်မှုများ ရရှိနေကြဟန် ရှိပေသည်။ တစ်ချိန်တည်းမှာပင် ထေရ၀ါဒ ဗုဒ္ဓ အဆုံးမများကိုလည်း တစ်ကမ္ဘာလုံး ယခင်ကထက်ပို၍ သိရှိလိုကြ၊ လေ့လာမှုပြုကြသည်။ တစ်ရေးနိုးအိမ်မက်ကောင်းမက်နေကြသည့် သဘောလာဟုထင်မိသည်။

နည်းပညာခေတ်ကိုရောက်ရှိရန် သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ နိယာမ များ၊ ယူဆချက်များ၊ တွေ့ရှိချက်များကို အသုံးပြု၍ လူသားများအတွက် အကျိုးပြု အသုံးဝင်သော ပစ္စည်းကိရိယာများကို တီထွင်ထုတ်လုပ်ကြသည်။

ယင်းနိယာမများအနက်အခြေခံကျပြီးသပ္ပံပညာရပ် နည်းပညာတိုးတက်မှု အတွက် အရေးကြီးသော(၂၀) ရာစုနှစ်တွင် တွေ့ရှိခဲ့သည့် " ဟိုင်းဇင်းဘတ်နိယာမ"(heisenberg's principle) တစ်နည်းအားဖြင့် "လှိုင်းအမှုန်ဒွိဝါဒ"သို့မဟုတ် " လှိုင်းအမှုန်းဒွန်တွဲမှု"(wave-particle Dualism)ကိုလွယ်ကူစွာသိရှိသဘောပေါက်နိုင်ရန် ရှင်းပြရလျှင် "အမှုန်"(particle) ကို " လှိုင်း"( wave)ဟု လည်းယူဆနိုင်ကြောင်း တင်ပြထားသည်။ သိပ္ပံ သဘောအရ ဒြပ်ပစ္စည်း( Material) ဆိုသည်မှာ အဏုမြူမှုန် ဟုခေါ်သော အက်တမ်( Atom )များဖြင့် ဖွဲ့စည်းထားပြီး ယင်းအက်တမ်များကို အမှုန်သုံးမျိုးဖြစ်သော အီလက်ထရွန်၊ ပရိုတွန်နှင့် နယူထရွန်တို့ဖြင့် ဖွဲ့စီးထားကြောင်း တွေ့ရှိတင်ပြခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ပို၍ အသေးစိတ်ဖွဲ့စည်းမှုကို တွေ့ရှိနေကြသည်။

အထက်ဖော်ပြပါ အီလက်ထရွန်တွင်ဒြပ်ထု( တစ်နည်းအလွယ်ပြောရလျှင် အလေးချိန်)ရှိသည်။ ယင်းအမှုန်သည်။ သိပ္ပံပညာရပ်၏ လက်တွေ့စမ်းသပ်မှုများအရအမှုန်ဟုတစိုက်မတ်မတ်ယူဆ၍ မရဘဲ လှိုင်းအသွင်းဖြင့်စဉ်းစား၍ ရကြောင်းတွေ့ရှိတင်ပြခဲ့သည်။ လှိုင်းကိုဖွဲ့စည်းထားမှုမှာ စွမ်းအင်အစုသဘောမျိုးဖြစ်ကြောင်း တွေ့ရှိတင်ပြခဲ့သည်။ တစ်နည်းအားဖြင့် အမှုန်ဟု ခေါ်သော ရုပ်သည် မမြဲပါ ။ ပြောင်းလဲပြီးသွားကြောင်း ရုပ်ဟု တစ်စိုက်မတ်မတ် သတ်မှတ်၍ မရဘဲ ပြောင်းလဲခြင်းကို တွေ့ရှိခြင်းဟုခေါ်ရမည်။
အဏုမြူဗုံးအတွက် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း(Einstein) က တွေ့ရှိ ဖော်ထုတ်ပေးခဲ့သော ညီမျှခြင်းE=Mc=two သည်လည်း ရုပ်မတည်ဘဲ ပြောင်းလဲဖောက်ပြန်ခြင်းမှ စွမ်းအင်ရလာဒ်ဖြစ်ပေသည်။

ရုပ်မတည်မြဲခြင်းကြောင်းရလာဒ်အမျိုးမျိုးရှိနိုင်ခြင်းကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြပြီး နည်းပညာတိုးတက်ထွန်းကားအောင်ဖန်းတီခဲ့ကြ၊ဖန်တီနေကြသည်။ သို့သော် ရုပ်မတည်မြဲခြင်း ဖောက်လွှဲဖောက်ပြန်ရှိနေခြင်းကို မြတ်ဗုဒ္ဓက အနတ္တလက္ခဏာသုတ်တွင် ရူပံ ဘိက္ခဝေ အနတ္တာ  စသည်ဖြင့်လွန်ခဲ့သော နှစ်ပေါင်း( ၂၆၀၀ )ခန့်က ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။  အနတ္တ လက္ခဏသုတ်တော်အစတွင် ဘုရား၇ှင်က ရဟန်းတို့ ရုပ်သည် အတ္တ မဟုတ် ရုပ်မှာ အတ္တ မရှိ ရုပ်သည် အတ္တ ဖြစ်ခဲ့လျှင်  ဤရုပ်သည် နာကျင်ခြင်းငှာ မဖြစ်ရာ ငါ ၏ ရုပ်သည် ဤသို့ အကောင်းချည်းဖြစ်စေ ဤ သို့ အဆိုးမဖြစ်စေနှင့် ဟု မိမိ အလိုကျအောင် ရုပ်တို့၌ စီမံခန်ခွဲရာ၏။   ရဟန်းတို့ ရုပ်သည် အတ္တ မဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်းဖြစ်ရ၏  ငါ၏ ရုပ်သည် ဤသို့ အကောင်းချည်းဖြစ်စေ ဤသို့ အဆိုးမဖြစ်စေနဲ့ဟု ရုပ်တို့၌ တောင့်တ ၍လည်းမရနိုင်ပေဟူ၍ ရုပ်၏မမြဲခြင်းသဘော ဖြစ်ပြန်ခြင်းသဘော
ကိုယ်အလိုသို့ မလိုက်ပါသည့်သဘော စသည်တို့ကို ဟောကြားထားခဲ့သည်။ ဤ ဟောကြားချက်မှာ ဆောင်ပါးအစပိုင်းတွင်း ဖော်ပြထားသည့် " ဟိုင်းဇင်းဘတ် နိယာမ"အရ ခွဲခြားစိတ်ဖြာထားသည့်အတိုင်း ရုပ်၏ မတည်မြဲပုံနှင့် ကိုက်ညီလျက်ရှိကြောင်း တင်ပြလိုက်ရပေသည်။