နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Thursday 23 February 2012

အမ ထံ သို့ အမှတ်တရ ပေးစာ

        အားလုံးကို သတိတရ စာရေးလိုက်ပါတယ်၊ ဖုန်း နှင့် စကားပြောနိုင်သော်လည်း ဦးဇင်း စာရေးပါ၊
 စာရေးတာက အကြောင်းစုံ သိရတယ် ဆိုလို စာရေးလိုက်တာပါ၊ ဦးဇင်း လည်း ဖုန်း နဲ့ စကား ပြောရတာ
အားမရပါဘူး ၊ သတိရတိုင်း အားရပါးရ စာရေးဖို့ အကြံ ဖြစ်မိပေမယ့် ကျောင်းစာ နဲ့ နပန်းလုံး နေရတာ
ကြောင့် စာမရေးဖြစ်ခဲ့တာ ကြာခဲ့ရပါတယ် 
       အမခင်ဝင်းကြည်၊ အမအေးအေးမာ၊ အမတင်တင်လှ တို့ရဲ့ အားပေးစကားတွေကြောင့် အဝေးမှာ
နေရပေမယ့် အမြဲ အားတက်ခဲ့ရသလို မေ့လိုလဲ မရခဲ့ပါဘူး ၊ဒကာကြီးဦးခင်မောင် ဒကာမကြီး ဒေါ်သန်းတင် တို့ကိုလည်း သတိရပါတယ် ၊ နေရောကောင်းကြရဲ့ လား၊
မိဘ နှစ်ပါးကို ဂရုလဲစိုက် စိတ်ချမ်းသာအောင်လဲထားပါ၊ ဒကာမကြီး ဒေါ်သန်းတင် မှာတဲ့ နံ့ဖြူတုံး နဲ့ အမ
တင်တင်လှ မှာတဲ့နံ့ဖြူ ပုတီးကုံးလေးကိုလဲ လူကြုံ ရှိလျှင် ပို့ပေးလိုက်ပါမယ်၊
        ပွဲစားမလေး အမအေးအေးမာ ရော အဆင်ပြေ ရဲ့လား၊ အလုပ်လဲ ကြိုးစား ကျန်းမာရေးလဲ ဂရုစိုက်၊
တောရွာ ရောက်နေတဲ့ စိုက်ပျိုးရေးသမားကြီး ကိုဝင်းထွဋ် လဲ အားငယ်မနေနဲ့၊ အလုပ်ဟူသမျှ  ဂုဏ်ရှိစွ တဲ့၊
ဘယ်အလုပ်ဘဲ လုပ်လုပ် မပျင်းမရိဘဲ အလုပ်ကို အလုပ်နဲ့တူအောင် ပီပီပြင်ပြင် လုပ်တတ်ဖို့ပဲ အရေးကြီး
တယ်၊
          ဦးဇင်းတို့ နေတဲ့ အိန္ဒိယ နိုင်ငံက လူသိပ်ထူထပ်တဲ့နိုင်ငံ ၊ စိုက်ပျိုးရေးရော ၊ စက်မှုလုပ်ငန်းရော
ထွန်းကားတဲ့ နိုင်ငံ၊ စက်ပစ္စည်း မှန်သမျှ ပြည်တွင်း ဖြစ်ပဲ သုံးကြတယ် ၊ ထုတ်လဲ ထုတ်လုပ်နိုင်တယ်၊
ကား ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ စက်ပစ္စည်းတွေ လယ်သမားတိုင် လိုလို သုံးနိုင်ကြတယ်၊ ဈေးလဲ ချိုတယ်၊
ပေါ လဲ ပေါ တယ်၊
           အဲတော့ ပြောချင်တာက လူတွေ အားလုံး လခ စား ရုံးအလုပ်၊ အမှုထမ်းအလုပ် တွေချည်းလုပ်
နေလို့ မဖြစ်ဘူး၊ ဒကာ ကိုဝင်ထွဋ် တို့လို ရိုးရာလယ်ယာလုပ်ငန်း ခြံလုပ်ငန်း တွေလဲ တဖက်က လုပ်ကြမှ
တိုင်ပြည် အတွက်လည်း အဆင်ပြေမယ် ၊ ကိုယ့် လူမျိုးကိုလည်း အကျိုးပြုရာ ရောက်တယ်၊ ကိုယ့် အတွက်
လည်း စားဝတ်နေရေး ပြေလည်စေနိုင်တယ်ဆိုတာ သဘောပေါက်ဖို့ပဲ။
              ဦးဇင်းလည်း အချိန်ရရင် ရသလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ အသိပညာလေးတွေ တရားစာ
တိုတိုထွာထွာ လေးတွေရေးပေးပါဦးမယ်၊ သိချင်တာရှိရင်လဲ လျှောက်ထားနိုင်ပါတယ် ပြောပါ၊ မေးပါ၊ အား
မနာပါနဲ့၊ ဦးဇင်းသိသလောက်တော့ ရှင်းပြပေးပါမယ် ၊ နောက်မှ စုံစုံ လင်းလင်း စာထပ်ရေးပါဦးမယ်။
           ဘုရားအလောင်းတော် ကေဒါရ ကျေးမင်းရဲ့ မှတ်သားလိုက်နာဖို့ ကောင်းတဲ့ စကားသုံးခွန်း ကို
အကျဉ်းချုပ် ရေးသား ပေးလိုက်ပါတယ်။
          ၁။မိဘ ကျေးဇူး ကို ဘယ်တော့မှ မမေ့နဲ့၊ မိဘ ကျေးဇူးကို အလေးအမြတ်တန်ဖိုးထားပါ၊ မိဘ ကို
လုပ်ကျွေးခြင်းဖြင့် တာဝန်ကျေတဲ့ သားကောင်း သ္မီးကောင်း ဖြစ်ပါစေ။
          ၂။သားငယ် သ္မီးငယ် များကို လိမ္မာယဉ်ကျေးအောင်ထာဝရ လမ်းညွန်ပေးပါ၊ ဂရုတစိုက် ပြုစု ပျိုးထောင်ပေး
ပါ၊ သားသ္မီး အပေါ် တာဝန်ကျေတဲ့ မိခင်ကောင်း ဖခင်ကောင်း ဖြစ်ပါစေ။
          ၃။ဒကာ ဒကာမ တို့ စွမ်းနိုင်သလောက် စေတနာသန့်သန့်ဖြင့် ပေးကမ်းခြင်း ထောက်ပံ့ခြင်း လှူဒါန်း
ခြင်းပြုလုပ်ပါ၊ ပစ္စည်းဥစ္စာသည် ခိုင်မြဲသည့် တကယ့် အနှစ်သာရ မဟုတ်၊ အနှစ်သာရဖြစ်သော
ဒါန ကုသိုလ်ကို မြုပ်နှံခြင်းဖြင့် တာဝန်ကျေတဲ့ ဗုဒ္ဓ ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ပါစေ...တဲ့
         ထို ဘုရားအလောင်းတော် ရဲ့ ဩ၀ါဒ သုံးရပ် အဆုံးအမ သုံးချက် ကို လိုက်နာ ကျင့်သုံးခြင်းဖြင့်
ဘ၀ တန်ဖိုး မြှင့်တင် နိုင်ကြပါစေ...။
      လှူဒါန်း ထောက်ပံ့ ကြသော အမ များကိုလဲ အထူးပင် ကျေးဇူးတင် ၀မ်းမြောက် ပါ ကြောင်း 
မှတ်တမ်း ထိုးလျက်  ...။
                        အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ..။
                                       ဦးဇင်း
                                            မဂဓတက္ကသိုလ်
                                               အိန္ဒိယ နိုင်ငံ။