နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ
Pages
Thursday 16 February 2012
မစ္ဆရိယ ၏ မကောင်း သော ဆိုးကျိုး များ
            မနာလိုစိတ်ကို မစ္ဆရိယ စိတ်လို့ တစ်ချို့က မှားယွင်းစွာထင် တတ်ကြ ပြောဆိုတတ်ကြသည်၊ တကယ်တော့မစ္ဆရိယစိတ် ဆိုသည်မှာ ၀န်တိုခြင်းကို ခေါ်လေသည်၊ သို့သော် ထို မစ္ဆရိယ ကို ဣဿာ နှင့်
မှားတတ်ကြလေသည်။ ဣဿာ မှာ မနာလိုခြင်း သဘော ဖြစ်၍ သူတစ်ပါးကောင်းစားသည် ကို ၀မ်းမမြောက်နိုင်ဘဲ အတင်း အဖျင်း ပြောဆိုကာ နစ်နာပျက်ဆီးအောင် ကြံစည်တတ်ခြင်းသဘောလဲ ဖြစ်ပေသည်။
အသင်းတို့ကို မဆက်ဆံ လိုခြင်း၊( ၃ ) လာဘ မစ္ဆရိယ -မိမိ ကိုယ်ပိုင်ပစ္စည်း ဖြစ်စေ၊ သူတစ်ပါး ပိုင်ပစ္စည်း ဖြစ်စေ၊ ထို ပစ္စည်း လာဘ်လာဘ တို့ကို မိမိသာ ရလို၍ သူတစ်ပါး တို့အား မရစေလိုခြင်း၊( ၄ )ဓမ္မ မစ္ဆရိယ-
မိမိ တတ်သိနားလည်ထားသော အတတ်ပညာ အမျိုးမျိုး တို့ကို သူတစ်ပါး တတ်သိနားလည်မည်ကို စိုးရိမ်
သဖြင့် ဖုံးကွယ်ခြင်း ၊ ထိန်ချန်ခြင်း ၊ လျှို့ဝှက်ထားခြင်း ၊မတတ်စေလိုခြင်း ။( ၅ ) ၀ဏ္ဏမစ္ဆရိယ-မိမိထက် ရုပ်
အဆင်းလှပခြင်း၊ ဂုဏ်သတင်း ကျော်ကြားခြင်း စသည့်တို့ဖြင့် မိမိ မှာပြည့်စုံသောဂုဏ်သတင်းတို့ ကို သူတစ်
ပါးအား မပြည့်စုံစေခြင်း။( ၀ိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထ တွဲ ၊ ဉာဏဒဿန၀ိသုဒ္ဓိ နိဒ္ဒေသ ၊ စာမျက်နှာ-၄၆၃
မှ ဖော်ပြပါသည်။)
                      ထို မစ္ဆရိယ စိတ်ထား ကြောင့်ဘ၀သံသရာတစ်လျှောက်လုံး ဆိုးကျိုးများခံစားခဲ့ရသော
ဇာတ်လမ်းတစ်ပုဒ်ကိုသာဓကထုတ်ပြရမည်ဆိုလျှင်ဘုရားရှင်လက်ထက်တော်က လောသကတိဿမထေရ်အမည်ရှိသော ရဟန်းတစ်ပါး ရှိခဲ့ဖူးလေသည်။   ထိုလောသကတိဿမထေရ်၏ ငယ်စဉ် ဘ၀မှာအလွန် ပင်ပန်းဆင်းရဲ ခဲ့လေသည်၊ မိခင်၏ ၀မ်းတွင် ပဋိသန္ဓေ တည်နေချိန်မှစ၍ ရွာတွင် မင်းပြစ်မင်းဒဏ် ၇ ကြိမ်ခံခဲ့ရကာမီး ၇ ကြိမ် လောင် ခြင်း ခဲ့ ရလေသည်။ တစ်ရွာလုံး ဒုဗ္ဘိကန္တရကဒ် ခံစား ခဲ့ရပြီး ငတ်မွတ်ခေါင်းပါးလှ၍ သူ
ယုတ်မာကို မဲချ ရှာဖွေရာ ပဋိသန္ဓေတည်နေသော လောသကတိဿမထေရ်လောင်း၏ အိမ်ကို မဲကျသော
ကြောင့် ရွာမှ နှင်ထုတ်ခြင်းကို ခံရလေတော့သည်။ သူ့ ကို မွေးပြီး နောက်ပိုင်းတွင်လည်း မိဘ တို့မှာ အလွန်
ဆင်းရဲ ၍ပင်ပန်းစွာ အသက်မွေးကြရလေသည်။ နောက်ဆုံး မိဘ တွေလဲ သား ကို စွန့်ပြစ် ၍ ခွက်စွဲ ကာ
တောင်းရမ်းစားသောက်စေပြီး စိတ်မကောင်းစွာ ထွက်ခွာသွားလေတော့သည်။
                လောသကတိဿမထေရ်အလောင်းတော်လည်း အားကိုးရာမဲ့၍ ခွက်စွဲ ကာ တောင်းရမ်းစား
သောက်ရလေသည်။ သက်တော် ၇ နှစ် အရွယ် ရောက်သော အခါ အရှင်သာရိပုတ္တရာနှင့် တွေ့လေသည်။
အရှင်သာရိပုတ္တရာသည် သာဝတ္ထိမြို့ တွင် ဆွမ်းခံကြွသောအခါ ထို လောသကတိဿမထေရ် အလောင်း
သူငယ်လေးသည် အိမ်တစ်အိမ်တွင် ထမင်းအိုး ကို ရေဆေး၍သွန်းပစ်လိုက်သော  ထမင်းလုံးများကို ငှက်
တစ်ကောင်ကဲ့သို့  တစ်လုံးစီ ကောက်ယူ စားသောက်နေရသော ဖြစ်ရပ်ကို မြင်တွေ့ရသဖြင့် သနားတော်
မူသည်ဖြစ်၍ ခေါ်တော်မူပြီး ရှင်သာမဏေ ပြုပေးတော်မူလေသည်။ သက်တော် ၂၀ ပြည့်သောအခါ ပဉ္ဇင်း
တက်၍ ရဟန်း ဘ၀ ဖြင့် ၀ိပဿနာ တရားအားထုတ်လိုက်ရာ အရဟတ္တဖိုလ်၌ တည်၍ ရဟန္တာ ဖြစ်သော်လဲ
ဘုန်းတန်ခိုး မရှိသော ကြောင့် လာဘ်လာဘ အလွန်ခေါင်းပါးလေသည်။ ဆွမ်းအာဟာရ ကို ၀မ်းပြည့်အောင်
တစ်ကြိမ်တစ်ခါမျှ မစားခဲ့ရဖူးဘဲ မသေရုံမျှသာ ဘုန်းပေးနေခဲ့ရရှာလေသည်။
               ထိုသို့ဖြစ်လျက် သိပ်မကြာသောကာလတွင် အရှင်လောသကတိဿမထေရ် ပရိနိဗ္ဗန်ပြုတော်မူ
မည့်အချိန်ကာလသို့ ဆိုက်ရောက်လာခြင်းကို အရှင်သာရိပုတ္တရာသိမြင်သောအခါ ထိုမထေရ်အတွက်
ကရုဏာသက်တော်မူသဖြင့် မထေရ်အား ဆွမ်းအာဟာရ ၀လင် စွာ ဘုန်းပေးစေခြင်းငှာ ကြံတော် မူအံ့ဟု
လောသကတိဿမထေရ်နှင့် အတူ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူရလေတော့သည်။ သို့သော်လဲ ဆွမ်းရဖို့ မဆိုထားနှင့် လူတို့၏ ရှိခိုးဖူးမြှော်ခြင်းကိုပင် မခံရသဖြင့် လောသကတိဿမထေရ်အား ဆွမ်းစားဇရပ်သို့ပြန်ခိုင်း၍ စောင့်ခိုင်းပြီး တစ်ပါးတည်း ဆွမ်းခံမှသာ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကိုပြည့်ပြည့်စုံစုံ လောင်းလှူခြင်းကိုခံရလေတော့သည်။ ထို ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို လောသကတိဿမထေရ် ထံ လူလွှတ်၍ ပို့ခိုင်းစေသော်
လည်း ဆွမ်းပို့ သွားသူတို့သည် လောသကတိဿမထေရ်ကို မတွေ့ မမြင်ကြရလေ။ အရှင်သာရိပုတ္တရာ
ကျောင်းတော် ပြန်ရောက်လာသောအခါ မေးမြန်းကြည့်သော် ဆွမ်းမရသေးကြောင်း သိရလေတော့သည်။
မွန်လွဲပြီးသောကြောင့် ဆွမ်းမဘုန်းပေးသင့်သော်လဲ စတုမဓူ တို့ကို ကောသလ ရှင်ဘုရင်ထံ ကိုယ်တိုင် ကြွ
ေ၇ာက်အလှူ ခံ၍ သပိတ် ကို ကိုယ်တိုင် ကိုင်လျက် လောသကတိဿမထေရ်အား ကျွေးမှသာလျှင် ၀၀
လင်လင် ဘုန်းပေး သုံးဆောင်ရလေတော့သည်။
                    ဆွမ်းဘုန်းပေးပြီး လောသကတိဿ မထေရ် လည်း ပရိနိဗ္ဗန်ပြုတော် မူသဖြင့် ဘုရားရှင်
သည် ကိုယ်တိုင် ကြွရောက် ကာ အလောင်းတော် ကို မီးသင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်တို့ကို စေတီတည်
စေတော်မူလေသည်။ ဤ ဇာတ်လမ်း အကြောင်းကို တရားသဘင် ၌ စည်းဝေကြသော ရဟန်းတော်
အချင်းချင်း ပြောဆိုကြ ဝေဖန် ဆွေးနွေးနေကြ လေ တော့သည်။ ထို အခါ ရှင်တော်မြတ်ဘုရားက ကြားသိ
တော်မူ၍  မေးမြန်း ပြီးလျှင် လောသကတိဿ မထေရ်၏  အတိတ်အကြောင်းကို ဟောကြားတော်မူလေ
တော့သည်။
              အတိတ်ဇာတ်လမ်း=ကဿပ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက လောသကတိဿ
ရဟန်းသည် ရွာတစ်ရွာတွင် သူဌေးတစ်ယောက်၏ ကြည်ညိုခြင်း ကိုးကွယ် ဆည်းကပ် ခြင်း ခံရ၍ထိုသူဌေး မှ ကျောင်း ဆောက်လှူဒါန်းခြင်း ပြုလေသည်။ ထို လောသကတိဿ ရဟန်းတော်သည် ကမ္မဌာန်းတရား ကို
လဲ ကြိုးစား အားထုတ်လေသည်။ တစ်နေ့၌ ဟိမ၀န္တာမှ ရဟန်းတစ်ပါးသည် ထိုရွာကလေး သို့ ကြွလာ သ
ဖြင့် ထိုသူဌေးလဲ ကြည်ညိုကာ လှူဒါန်း ထောက်ခြင်း ကို ပြုလေသည်။ မိမိ လှူဒါန်းထားသော လောသက
တိဿ ရဟန်း သီတင်းသုံးရာ ကျောင်းတော်သို့ ပင့်ဆောင်လာကာ ထို ရဟန်းတော်ကိုလည်း သီတင်းသုံး
နေစေလေသည်။
                     ဒကာတော်လည်း တရား နားယူပြီး အိမ်သို့ ပြန်သောအခါ ရဟန်းတော် နှစ်ပါး အား
လျှောက်ထားလေတော့သည်၊ ဘုရားတပည့်တော် အိမ်သို့ နံနက်အခါ ဆွမ်းဘုန်းပေး ကြွတော်မူပါရန်
ကျောင်း၌ အမြဲသီတင်းသုံးနေသောရဟန်းတော်နှင့် ဧည်သည်ရဟန်းတော်တို့ကို ပင့်ဖိတ်ထားခဲ့လေတော့
သည်။ အလှူရှင် ပြန်သွားသောအခါ ကျောင်းနေရဟန်းသည် ဧည်သည် ရဟန်းကို ပင့်ဖိတ်ခြင်းအတွက်
ဝန်တို သော မစ္ဆရိယစိတ် ဖြစ်မိလေသည်။ ထို ဧည်သည် ရဟန်း ဆွမ်း အာဟာရ စသော ပစ္စည်းလေး
ပါး ပြည့်စုံလာမည်ကို မနာလို ၀န်တို စိတ် တို့ ဖြစ်နေလေတော့သည်။ နံနက်စောစော သူဌေး အိမ်သို့
ဆွမ်းစားကြွခါနီးသောအခါ လောသက တိဿရဟန်းသည် ကျောက်စည် နှင့် တံခါးကို ဖြည်းညင်စွာ
တီးခေါက်၍ သူဌေး အိမ်သို့ တစ်ပါးတည်း ကြွသွားလေတော့သည်။  သူဌေး သည် ဧည်သည် ရဟန်းကို
မတွေ့ ရသောကြောင့်မေးမြန်းလေရာ လောသကတိဿ ရဟန်းတော် နိုး၍ မရသောကြောင့် ထားခဲ့ရ
လေသည်ဟု ပြောလေတော့သည်၊ စားကောင်းသောက်ဖွယ်တို့ကို မှီဝဲ သုံးဆောင် နေရသဖြင့်စည်းစိမ်ရစ်၍
အိပ်စက်နေလေဟန် ပြောဆိုလေသည်။  ကျောင်း၌ ကျန်ရစ်ခဲ့သော ရဟန္တာ မထေရ်သည် ထို ရဟန်း၏
စိတ်အကြံကို သိနေသဖြင့် သပိတ်ကို ပိုက်တော်မူ၍ သင်္ကန်းတို့ကို ဆောင်ယူပြီး ကောင်ကင်ခရီးမှ ဈာန်ဖြင့်
ထို မထေရ် ပြန်မလာခင် ကြွသွားတော်မူလေသည်။ သူဌေးသည် လောသက တိဿ ရဟန်း တစ်ပါးတည်း
ကိုသာ ဆွမ်းကျွေး လှူ ဒါန်း မှု ပြုပြီး လျှင် ဧည်သည်ရဟန်း အတွက်လည်း ကပ်လှူရန် မှာကြား၍ မွန်မြတ်
လှသော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို သပိတ်၌ ထည့်ကာ လှူဒါန်း လိုက်လေသည်။ လောသကတိဿရဟန်း
မစ္ဆရိယစိတ်ရှိသည်ဖြစ်၍ ထို မွန်မြတ်လှသော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို လမ်း၌ သွန်ပစ်ခဲ့လေတော့သည်။
                  ကျောင်းသို့ ရောက်သောအခါ ဧည်သည် ရဟန်း ကိုမတွေ့ မမြင်ရသော အခါမှ နောင်တ ရ
လျက်  စိတ်ပူပန်ခြင်း စိတ်နှလုံး မချမ်းသာခြင်း များစွာ ဖြစ်ရလေတော့သည်။ မကြာမှီ ပျံလွန်တော်မူသော
အခါ  ငရဲ၌ ဖြစ်ခဲ့ရလေသည်၊ ထို ငရဲ ၌ နှစ်ပေါင်းစွာ ခံခဲ့ရ ပြီး ဘီလူး ဘ၀ ခွေး ဘ၀ တို့၌ ဘ၀ သံသရာ
ကျင်လည် ခဲ့ရလေသည်။
                  ဤသို့ဖြစ်ခဲ့ရခြင်းမှာ ဣဿာ မစ္ဆရိယ မနာလိုဝန်တိုသောစိတ်ကြောင့် ဘ၀ ပေါင်းများစွာ
မကောင်းကျိုးခံစားရ၍ ကျင်လည်ခဲ့ရ ရှာလေတော့သတည်း ဟု ဘုရားရှင်က  ဟောကြားတော်မူခဲ့လေ
သည်။(ဤဇာတ်လမ်းတရားတော်သည်ရဟန်းတော်များနှင့်ပတ်သက်၍ဖြစ်ခဲ့သော်လဲလူပုဂ္ဂိုလ်များအတွက်လဲ
လိုက်နာကျင့်သုံးသင့်သော တရားတစ်ပုဒ် ဖြစ်လေသည်.။)
                      (ဓမ္မသင်္ဂဏီ ပါဠိတော် မှ
                       ထုတ်နုတ်ဖော်ပြသည် )