နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 17 February 2012

" မေတ္တာပွား မှ ငြိမ်းချမ်းမယ် "

      မေတ္တာ နဲ့ ပတ်သတ်တဲ့ ဆောင်ပါး လေးတစ်ပုဒ် ကို
 တရားလုပ်ပြီး ရေးသားပါမယ်၊ဒါပေမယ့်လဲ  မေတ္တာ
တရားနဲ့ ပတ်သတ်လို့ ပြည့်ပြည့်စုံစုံတော့ မသိပါဘူး ၊ သို့သော်လဲ ကိုယ်သိသလောက် နားလည်ထားသ
                       လောက်တော့ တင်ပြပေးပါမယ်၊

   ဒီ မေတ္တာတရားနဲ့ပတ်သတ်လို့ သင်္ဂဇာ ဆရာတော်ဘုရားကြီးကဂါထာ လေးတစ်ပုဒ်ရေးသားထားခဲ့ပါတယ်၊
                       မေတ္တာလုကော ခမာသီလော သဗ္ဗဌာနေသု နိဗ္ဘယော။
                       ပရတ္ထ သတ္ထ မိစ္ဆန္တော ခန္တိံ မေတ္တဉ္စ ဘာဝယေ။ တဲ့.. မိမိ တို့အားလုံး လိုက်နာစရာ သိပ်
ကောင်းတဲ့ ဂါထာ တစ်ပုဒ်ပါ။
အဓိပ္ပါယ်က လောကီ အလုပ်ဘဲ လုပ်လုပ် ၊ လောကုတ္တရာအလုပ်ဘဲ လုပ်လုပ်
မေတ္တာနဲ့ ခန္တီမပါရင် ဘယ်လုပ်မှ မအောင်မြင်နိုင်ဘူး လို့ ဆိုပါတယ်၊ ( ဥပမာ )- ဘယ်အလုပ်ပဲ လုပ်လုပ်
မေတ္တာနဲ့ ခန္တီမပါရင် ကိုယ်လိုချင်တဲ့ ပန်တိုင်းကို မရောက်နိုင်ဘူး၊ မရောက်နိုင်တဲ့အပြင် လမ်းမှာ အန္တရာယ်
နဲ့လည်း တွေ့နိုင်ပါတယ်။  အန္တရာယ်နဲ့ တွေ့ကြုံ ခဲ့ရပုံ ဇာတ်လမ်းသာဓက တွေ ရှိပေမယ့် ဆောင်ပါး နဲ့ လျှော်ညီအောင်  အကျဉ်းချုပ်ရေးသားတင်ပြရတဲ့အတွက် မဖော်ပြလိုတော့ပါဘူး၊ ဒါပေမယ့်လဲ မြတ်စွာ
ဘုရား အာဠာဝက ဘီလူးကြီးကို မေတ္တာ နဲ့ ဆုံးမ ခဲ့ပုံလေးကိုတော့ တင်ပြချင်ပါတယ်၊ အာဠာဝက ဘီိလူး
ပိုင်ဆိုင်တဲ့ ဗိမာန်ထဲကို မြတ်စွာဘုရား ၀င်နေတာ  ကြားသိတော့ ဘီလူးကြီးက စိတ်ဆိုး ဒေါသ ထွက်ပါ
တယ် " နိက္ခမ သမဏ အို ရဟန်း ဂေါတမ ငါ့ ဗိမာန်ထဲ က သင် အခု ချက်ချင်း ထွက်သွားလိုက်စမ်း " လို့
ပြောဆိုတဲ့အခါ မြတ်စွာဘုရားက " သာဓာဝုသောတိ ဘဂ၀ါ နိက္ခမိ ကောင်းပါပြီး အာဠာဝက" ဆိုပြီး ဗိမာန်
ထဲကထွက်သွားတယ် မြတ်စွာဘုရား ထွက်လို့ အပြင်ရောက်ခါနီးမှာ" ပ၀ိသ သမဏ အို ရဟန်း ဂေါတမ
ဗိမာန်ထဲ ပြန်ဝင်အုံး" လို့ ဆိုပြန်ပါတယ်၊  မြတ်စွာဘုရားကလဲ" သာဓာဝုသောတိ ဘဂ၀ါ ပ၀ိသိ  ကောင်းပါ
ပြီး အာဠာဝက " ဆိုပြီး ပြန်ဝင်ပါတယ်။ 
                 ထိုကဲ့သို့ ထွက်လိုက်အုံး ၀င်လိုက်အုံး နဲ့ သုံးကြိမ်တိုင်တိုင် အာဠာဝက က ပြောပါတယ်။
ဤကဲ့သို့ ပြောသည့် အတိုင်း မြတ်စွာဘုရားကလဲ မေတ္တာတရား မဟာကရုဏာ တရားတို့ဖြင့် သည်းခံပြီး
ဝင်ခြင်း ထွက်ခြင်း တို့ကို လုပ်ပေးခဲ့ရရှာပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ် တစ်ယောက်အပေါ် တစ်ယောက်က
သည်းခံတယ်ဆိုရင်သည်းခံတဲ့ ပုဂ္ဂိုလ်မှာ မေတ္တာရှိနေမှသာ လုပ်ဆောင်နိုင်တဲ့အရာပါ၊  မိဘတွေ သားသ္မီး
တွေကို သည်းခံတယ်ဆိုတာလဲ မေတ္တာ ကြောင့်ပါပဲ။ 
              မြတ်စွာဘုရားကလဲ အာဠာဝက ဘီလူးကို သည်းခံတယ်ဆို မေတ္တာ တရားကို လက်ထဲမှာ ဆုပ်
ကိုင်ထားနိုင်လို့ပါ၊  နောက်ဆုံး အာဠာဝက ဘီလူးကြီးက လက်နက်ကြီး ၉ မျိုးနဲ့ မြတ်စွာဘုရားကို ပစ်ခတ်
သော်လဲ အာဠာဝက ပစ်လိုက်တဲ့ လက်နက်တွေဟာ မြတ်စွာဘုရားကို နှင်းပေါက်လောက်မျှ မထိ ဘူးလို့
ဆိုပါတယ်၊ အာဠာဝက ပစ်လိုက်တဲ့ လက်နက်တွေ မြတ်စွာဘုရားကို ဘာကြောင့် မထိ တာလဲ ဆိုရင်
မေတ္တာတရား ကြောင့် ဖြစ်ပါတယ် ။ ဗောဓိပင်နဲ့ ရွှေပလ္လင် မှာ မာရ်နတ်ကြီး က မြတ်စွာဘုရားကို စစ်သည်
တော်တွေနဲ့ စစ်တိုက် တုန်းကလဲ မေတ္တာနဲ့ ပဲ တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ အကျိုးတရား အလွန်ကြီးမား
တဲ့ မေတ္တာတရားကို သတ္တ၀ါ အားလုံး လက်ကိုင်ထားသင့် ပွားများအားထုတ်သင့်ပါတယ်။ မေတ္တာ ပွားများ
အားထုတ်ပုံကို ဆက်လက်၍ တင်ပြ သွားပါမယ်။ 
               မေတ္တာ ဆိုတဲ့ အတိုင်း မေတ္တာမပွားခင်မှာ  မေတ္တာ ရဲ့ ဆန့်ကျင်ဘက်ကိုမြင်အောင်ကြည့်ရပါမယ်။မေတ္တာရဲ့ဆန့်ကျင်ဘက် ဖြစ်တဲ့ ဒေါသ ကို
မြင်အောင်ကြည့်၍ ထို ဒေါသ ရဲ့ မကောင်းတဲ့ ဆိုးကျိုး နဲ့ မေတ္တာရဲ့ ကောင်းတဲ့ အကျိုးတရားကို ဆင်ခြင် ပေးရပါတယ်။ 
                  ဒေါသော ဘိက္ခဝေ အန္တရာမလော အန္တရာအမိတ္တော အန္တရာသပတ္တော အန္တရာဝဓကော
    အန္တရာပစ္စတ္ထိကော။ (ဣတိဝုတ် ပါဠိတော် အန္တရာမလသုတ္တန် နှာ ၂၅၂ )
  ဖော်ပြပါ ဂါထာ ရဲ့ ဆိုလိုချက်မှာ ဒေါသ ဆိုတဲ့ မကောင်းတဲ့ အကျင့်စရိုက် ဆိုတာ အတွင်းက မိမိကိုယ်ကို
သတ်နေတဲ့ အတွင်းကရန်သူ လို့ ဆိုလိုပါတယ် ၊ အတွင်းက ဒေါသ သတ်လို့ သေတာ တွေရှိပါတယ်၊ ဒေါသ
သိပ်ကြီးလာရင် ကိုယ်ကိုတိုင်း မဟုတ်တာတွေ လုပ်ချင်လာတယ် ကြံချင်လာတယ် ။ ထိုကြောင့် အန္တရာ
ဝဓကော အတွင်းက မိမိကိုယ်ကို  သေစေတတ်တဲ့ ရန်သူပဲလို့ ဆိုလိုပါတယ် ။ ဒေါသကြောင့် လူ့ ရဲ့ အသက်
ကို သတ်တာတွေလဲ ရှိပါတယ်၊။   အဲဒီလိုဒေါသ ဆိုတာ အတွင်းက သတ်တဲ့ ရန်သူ လို့   နှလုံးသွင်းပြီး မိမိ
တို့ ရင်ထဲမှာ ဒေါသ မဖြစ်အောင် အဖြစ်မခံရအောင် ရင်ထဲမှာ ဒေါသ ကို တတ်နိုင်သလောက် ပယ်ရှား
နိုင်အောင် ကြိုးစား သင့်ပါတယ် ၊  ထိုကဲ့သို့ မေတ္တာမပွားခင်မှာ ဒေါသ ရဲ့ ဆိုးကျိုး အပြစ်တွေကို မြင်အောင်
ကြည့်ရပါမယ်၊          ဒုဌော အတ္ထံ န ဇာနာတိ ဒုဌော ဓမ္မံ န ပဿတိ၊
                           အန္ဓတမံ တဒါ ဟောတိ ယံ ဒေါသော သဟတေ နရံ၊ 
( အဂုင်္တ္တိုရ် ပါဠိတော် ဒု -နှာ ၄၇၁ )
      ဂါထာ ဆိုလိုချက် အဓိပ္ပါယ်မှာ ဒေါသ ဖြစ်လာရင် ကိုယ့် အကျိုးစီပွား လဲ မသိနိုင်တော့သလို သူတပါး
အကျိုးစီပွားလဲ မသိနိုင်တော့ပါဘူး ၊ နောက် ပြီး  ဒေါသ ဟာ အကြောင်းတရား နဲ့ အကျိုးတရား ထိုနှစ်ပါး
တို့ကိုလဲ  မမြင်နိုင်ပါဘူး ၊ အဲလို ဒေါသ ရဲ့ အပြစ်တွေကို မြင်လာရင် မိမိတို့ကိုယ်တိုင် ဒေါသ မဖြစ်ချင်တော့
ပါဘူး ၊ အပြစ် မမြင်ဘူးဆိုရင်တော့ ဒေါသ ဖြစ်တာပဲ ကောင်းတယ်လို့ ထင်တတ်ပါတယ်။ 
          စာရေးသူ ကိုယ်တိုင်လဲ ဒေါသ သိပ်ကြီးပါတယ်၊ ဒီ ဒေါသ ကြောင့် ဘ၀ မှာ မဖြစ်သင့်တာတွေ အများကြီး ကြုံခဲ့ဘူးပါတယ် ၊ ကိုယ့်ရဲ့စိတ်ကို ကိုယ်ထိန်းသိမ်းနိုင်ဖို့အမြဲ   ကြိုးစားနေရပါတယ် ။ သကဒါဂါမိ
မဂ္ဂံ ဘာဝေတွာ ရာဂ ဒေါသ မောဟာနံတနုကရတ္တာ သကဒါဂါမိနာမဟောတိ။ ( သင်္ဂဟ ပါဠိ ) 
        ဒေါသ လုံးဝ မဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာ သဒါဂါမ် ပုဂ္ဂိုလ်မျိုးမှ ဒေါသ က လုံးဝ ငြိမ်းပါလိမ့်မယ် ။ ဒီတော့ 
ပုထုဇဉ်မှာ ပဲ ဖြစ်ဖြစ် သောတာပန်မှာ ဖြစ်ဖြစ် ဒေါသ ဆို တာ ရှိနိုင်ပါတယ် ။ သို့သော် ဒီ ဒေါသကို မေတ္တာ
နဲ့ မထိန်းထားနိုင်ဘူးဆိုရင် ဒုက္ခဆင်းရဲ တွေ စိုးရိမ် ပူပန်စိတ်တွေ စ သည် ဖြစ်လာနိုင်ပါတယ်။
       သို့အတွက်ကြောင့် ဒေါသ နည်းအောင် တတ်နိုင်သလောက် မေတ္တာနဲ့ ထိန်းကြရပါလိမ့်မယ်၊ အဲလို 
မေတ္တာမပွားများခင် မှာ ဒေါသ ရဲ့ အပြစ်တွေ မြင်အောင်ကြည့်ပြီး မေတ္တာ ပွားများပေးရပါတယ်၊ မေတ္တာ
ပွားများပုံနဲ့ ပတ်သတ်ပြီး ဇာတ်လမ်းတစ်ပုဒ် ဖော်ထုတ်ပြပါအုံးမယ်၊ 
            တစ်ခါက ဝေသာလီပြည်ကို မြတ်စွာဘုရားကြွလာတော့ အားလုံး မင်းခစားယောက်ျားအမတ်တွေ
မြတ်စွာ ဘုရားနဲ့ တပည့်သာဝက သံဃာတော်တွေကို ကြိုဆိုကြရမယ် မကြိုဆိုရင် ကြိမ်ဒဏ် အချက် ၅၀
ဒဏ်ခတ်မယ်လို့ ရှင်ဘုရင် က အမိန့် ထုတ်ပါတယ်၊ အားလုံး မှူးမတ်တွေ စစ်သေနာပတိ တွေ အကုန်လုံး
ထွက်ကြိုကြရပါတယ် ၊ အဲဒီ အမတ်တွေ စစ်သေနာပတိ မှူးမတ်တွေကို အရှင်အာနန္ဒာ က "  ဒကာကြီး တို့လို့ လူကြီး လူကောင်းတွေက စပြီး သာသနာကို ဘုရားတရားသံဃာကို ကြည်ညိုတယ် ဆိုတော့ ကောင်း
တာ ပေါ့ " လို့  အရှင်အာနန္ဒာ ပြောတော့  အဲဒီ အမတ်တွေက" ကိုယ်တော်တို့ကို ကြည့်ညို လို့ မဟုတ်ပါဘူး
ကိုယ်တော်တို့ကို ထွက်မကြိုဘူးဆိုရင် ကြိမ်ဒဏ် အချက် ၅၀ ဒဏ်ခတ်မယ်ဆိုလို့" တပည့်တော်တို့ ထွက်ပြီး
ကြည်ညိုရတာ ကြိုဆိုကြရတာပါ လို့ ပြောလိုက်တော့ အဲဒီမှာ အရှင်အာနန္ဒာ စိတ်မချမ်းမသာဖြစ်သွား
ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဒီ အကြောင်းကို မြတ်စွာဘုရား ထံ လျှောက်ထားတဲ့အခါ မြတ်စွာ ဘုရားက 
သူတို့ ကြည်ညိုဖို့ မခက်ပါဘူး အာနန္ဒာ ရယ် လို့ဆိုပြီး မြတ်စွာ ဘုရားက စူးစိုက်ပြီး တော့ မေတ္တာ ပို့တော်
မူလိုက်ပါတယ် ၊။ အဲဒီ မေတ္တာဓာတ် ဘယ်လောက်စူးရှသလဲ ဆိုရင် အမတ်တွေက မြတ်စွာဘုရား ဘယ်မှာ
လဲ မြတ်စွာ ဘုရားဘယ်မှာလဲ လို့ အပြေးအလွှာလိုက်ရှာကြသတဲ့။  ဥပမာ အားဖြင့် နို့ မပြတ်သေးတဲ့ နွား
ကလေး  အမေ ပျောက်လို့ လိုက်ရှာသလို ပဲ တဲ့။
              ဗုဒ္ဓ ဘယ်မှာလဲ ဘုရား၊ ဗုဒ္ဓ ဘယ်မှာလဲ ဘုရား၊ လို့လိုက်ရှာနေလိုက်တာ ဘုရားကို မတွေ့ ရ 
မနေနိုင်အောင် မဖူးရ မနေနိုင်အောင် ဖြစ်ပုံလေး များ ဘုရားကို ကြည်ညိုလိုက်ပုံလေးများ ဘုရားရဲ့ စူစိုက်
ပြီးတော့ ပို့လိုက်တဲ့မေတ္တာ တွေကြောင့် ချစ်ခင်ကြည်ညိုသွားကြ ကိုးကွယ်ဆည်းကပ်သွားကြတယ်လို့ ဆိုပါ
တယ်။  အဲလို့ အကျိုးကျေးဇူးများတဲ့ မေတ္တာတရားကို ဆင်ခြင် စဉ်းစားပြီး သတ္တာဝါ အားလုံးကို ပွားများကြ
တော့မယ်ဆိုရင် ကိုယ်ပွားများမယ့် မေတ္တာနဲ့ သတ္တ၀ါအားလုံးရဲ့ အပေါ်မှာ ပြန်နှံ့ နေရပါတယ်။
             မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရာမိ
 သတ္တ၀ါ အားလုံးကို မေတ္တာ ပို့တော့မယ်ဆိုရင် ကိုယ်စိတ်ထဲမှာ သတ္တ၀ါ အားလုံးကို အာရုံပြုရပါတယ်
ကိုယ့် ရဲ့ မေတ္တာ မပျံ့နှံတဲ့ သတ္တ၀ါ ရယ်လို့   မရှိစေရပါဘူး စကြာဝဠာ တိုက် တစ်ခုလုံး ရှိရှိသမျှ သတ္တ၀ါ အနန္တ
သတ္တ၀ါတွေ ရဲ့ အပေါ်မှာ ကိုယ့် ရဲ့ မေတ္တာဓာတ် ပျံ့နှံ ထားရပါမယ်။ အဲလို့ ပျံ့နှံစေလျှက် မေတ္တာသုတ်ပရိတ်
တော် မှာရှိတဲ့ မေတ္တာပို့ နည်းနဲ့ မေတ္တာ ပို့မယ် ပွားများဆိုရင်လည်း ရပါတယ် .. ။ ကိုယ်ကြိုက်နှစ်သက်ရာ
မေတ္တာပို့နည်း တစ်နည်းနည်းနဲ့ လဲ ပို့လို့ ရပါတယ်။
              သုခိနောဝ ခေမိနော ဟောန္တု ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
သဗ္ဗသတ္တာ ကြွင်းမဲ့ဥဿုံ အလုံးစုံ ကုန်သော သတ္တ၀ါ အပေါင်းတို့သည်၊ သုခိ နောဝ ကိုယ်စိတ်နှစ်ဖြာ ချမ်း
သာကြကုန်သည်၊ ခေမိ နောဝ ဘေး၇န်ကင်းကွာချမ်းသာကြကုန်သည် ၊ ဟောန္တု ဖြစ်ကြပါစေကုန်သတည်း။
သဗ္ဗသတ္တာကြွင်းမဲ့ ဥဿုံ အလုံးစုံ ကုန်သော သတ္တ၀ါ အပေါင်းတို့သည်၊ သုခိနောဝ ကိုယ်စိတ်နှစ်ဖြာ ကြည်
သာအေးမြ ချမ်းသာကြကုန်သည် ၊ ဘ၀န္တု ဖြစ်ကြပါစေကုန်သတည်း။စသည်ဖြင့် ပို့သ ကြရပါမယ်။
    သတ္တ၀ါ အားလုံး ရဲ့ အပေါ်မှာ မေတ္တာစိတ်ကို ထား၍ ရှိရှိသမျှ များစွာသော သတ္တ၀ါ တို့သည် ကိုယ်၏
ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်း ကိုယ် စိတ် နှစ်ဖြာကြည်သာ အေးမြ ချမ်းသာကြပါစေ ကုန်သတည်း ဟူ၍
မေတ္တာပွားများနိုင်ကြပါစေသော်။   
                (   ရေးသားသူ အရှင်နန္ဒမဉ္ဇူ  )