နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 3 August 2012

“(၁၃၇၄) ရဲ့ ဒုတိယဝါဆိုလပြည့်ကျော်၁ရက်နေ့ မှတ်တမ်း ဆောင်ပါး”

 ၁၃၇၄-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ရက်နေ့ ညနေတွင် အိန္ဒိယ နိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ပိုင် ကျောင်းသို့ အိန္ဒိယပညာသင်ရဟန်းတော်များ ကြွရောက်၍ ဝါဆိုဝါကပ်ကြလေသည်။  
မိမိ တို့သည် ဘုရားရှင် ပွင့်ထွန်းခဲ့ရာနေရာ တစ်နည်းဆိုရသော်  ဗုဒ္ဓမြတ်စွာရရှိခဲ့သောတရားတော်များ၏  ဓမ္မသရခေါ် တရား နှင့်ပျော်မွေ့ခဲ့ရာနေရာဖြစ်သော မဇ္ဈိမ ဒေသ တွင် ယခု ကဲ့သို့ ဝါဆိုခွင့် ရရှိခဲ့ကြခြင်း မှာ
အလွန်ကံထူးသော မဟာ ကံထူးရှင်များ ဖြစ်သည့်အတွက် ဒီအခွင့်ရေးထူးများကို ရရှိသည် ဟု ဆိုလျှင် မှား
မည်မထင်ပေ။ မြန်မာနိုင်ငံတွင် သိန်းနှင့်ချီ၍ ရဟန်းတော်များ သီတင်းသုံးနေကြသည့်အနက် ဘုရားပွင့်ရာ
မဇ္ဈိမ
ဒေသတွင် ယခုလို ဝါဆို ဝါကပ်ခွင့်ရသော ရဟန်းတော် အရေတွက်မှာ အလွန်နည်းပါးလှ၍ ကံထူးရှင် များဟု ဆိုခဲ့ခြင်းဖြစ်ပေသည်။ မှန်၏ ၊ ယခု လို ဘုရားပွင့်ရာ မဇ္ဈိမဒေသ သို့လာရောက်၍ ဝါဆိုဝါကပ်နိုင် ဖို့ကိုမဆိုထားနှင့်မြန်မာပြည်မှ ၁၀ရက်ခန့် ဘုရားဖူးခွင့်ရဖို့ ကိုပင် အတော်ကြိုးစားရသည်ကို ဘုရားဖူးများ အသိပင်ဖြစ်ပေလိမ့်မည် ၊ တစ်ဦးကို ၁၀ သိန်းကျော် လောက် အကုန်ခံမှ ဘုရားလာဖူးနိုင်တဲ့ အခွင့်အရေးကြီး မဟုတ်လား ၊ ဒါတောင် ပတ်စ်ပို့စ် ဗီဇာ က လွယ်လွယ်နဲ့ ရဦးမှ ၊ ဒီမှာ ရောက်နေကြတဲ့ ရဟန်းတော်များက
တက္ကသိုလ် ကျောင်းလည်း တက်  တက္ကသိုလ်ကျောင်းက တစ်ဖက် နဲ့ ဝါဆိုဝါကပ်ကြရသလို ဒီကြားထဲ မအား
တဲ့ကြားက ကြိုးစား ပြီး ဘုရားလည်းဖူး ကုသိုလ်လည်းယူ ဆုလည်းတောင်းကြ ၊ မေတ္တာလည်း ပို့ကြဆိုတော့
အိန္ဒိယ ပညာသင်ရတာ ပို၍အဓိပ္ပါယ်ရှိသည့်အတွက် အလွန်ကံထူးတဲ့သူတွေပဲ လို့ ဆိုခြင်းဖြစ်ပါတယ် ။
ဗုဒ္ဓဘာသာ မှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံက မြန်မာနိုင်ငံ ဖြစ်ပါတယ် ၊ ဒါပေမယ့် ဒီ ဗုဒ္ဓဘာသာ ရဲ့ ပင်မ
ရေသောက်မြစ် ဘယ်က စီးဆင်းလာသလဲ ဆိုတဲ့ သမိုင်းကို ကြည့်တော့  အိန္ဒိယ နိုင်ငံပဲ ဆိုတာ ရှင်းပါတယ် ၊
အိန္ဒိယ နိုင်ငံမှာ ဘုရားပွင့်ခဲ့တယ် ၊ ပိဋကတ်သုံးပုံနှင့်တကွ ဓမ္မစကြာ တရားဦးတွေ ဟောကြားခဲ့တယ် ၊ ဘုရား
ပရိနိဗ္ဗာန်စံခဲ့တယ် ၊ ဒီလို မြင့်မြတ်တဲ့ နေရာ ဒေသ မျိုးမှာ မိမိ တို့ သူငယ်ချင်းရဟန်းတွေ အားလုံး ဝါဆိုခွင့်
ရခဲ့ကြသည် မဟုတ်ပါလား။ စကားပုံ တစ်ခု ရှိပါတယ် ၊ တန်ဖိုး သိမှ တန်ဖိုး ရှိမယ် တဲ့ ..၊ တန်ဖိုးသိတဲ့
သူအတွက် ဒီ လို ဝါဆိုခွင့်စသော  အခွင့်ရေးထူးဆိုတာ ရနိုင်ခဲတဲ့ ဒုလ္လဘ တစ်ခုပဲလို့ နားလည်ကြမှာ ပါ။
ဝါဆို ခြင်းနှင့်ပတ်သတ်၍လည်း  အနည်းငယ်ရှင်းပြလိုပါတယ်  ။ (ဝါ + ဆို ) ဝါသည် နေခြင်း ဖြစ်ပါတယ်၊
ဆို ဟူသည်မှာ ဝါဆိုလပြည့်ကျော် ၁ရက်နေ့ မှ  စ၍ ရဟန်းတော်တို့သည် မိမိ နေထိုင် သီတင်းသုံးသော
ကျောင်းတွင်  ဤ ကျောင်းတွင် မိုးဥတုသုံးလအတွင်း သီတင်းသုံးနေထိုင်ပါမည်  ဟု ရွတ်ဆိုခြင်း ကို စွဲ၍
ဆို ဟူသော စကားဖြစ်ပေါ်လာဖြစ်ပါတယ် ။
ရဟန်းတော်များ ဝိနည်းတော်နှင့် အညီ ဝါဆို ဝါကပ်ခြင်း စပ်လျဉ်း၍ ဘုရားရှင်သည် ဝိနယ မဟာ ဝဂ္ဂ တွင်
အာပတ်သင့် ၊ မသင့် ပညတ်တော်မူခဲ့ပါတယ် ။ ဝါဆို ဝါကပ်ပြီးသော ရဟန်းတော်သည်  ပုရိမ ဝါ ၊ ပစ္ဆိမဝါ
သုံးလပတ်လုံးတို့တွင် ဒေသစာရီ မသွားအပ်ကြောင်း ၊သွားလာလျှင် ဒုက္ကဋ် အာပတ်သင့်ကြောင်း ဟောတော်
မူခဲ့ပေတယ် ၊ ဘုရားရှင်သည် ဝါကပ်သင့်သော အဆောက်အဦးများနှင့် ဝါမကပ်သင့်သော
အဆောက်အဦးများကိုလည်း ဝိနယ မဟာဝဂ္ဂ တွင် ပညတ်တော်မူခဲ့ပါတယ်  ။ဝါကပ်ကောင်းသော အဆောက်
အဦးများမှာ နွားကျောင်းသားတို့ ၏ နေရာ ၊ လှည်း ၊ လှေ တို့ ဖြစ်၍ ဝါမကပ်သင့်သော အဆောက်အဦးများမှာ
သစ်ခေါင်း သစ်ပင်ခွ လွင်တီးခေါင် အိပ်ရာ နေရာ မရှိခြင်း စသောနေရာတို့ ဖြစ်ပါတယ် ။
သို့သော်   ကောသလတိုင်း ဇနပုဒ်တွင်  ဝါကပ်ကြသော ရဟန်းတော်တို့ကို အကြောင်းပြုလျက် ဘုရားရှင် က
ရဟန်းတော်များအတွက် အန္တရာယ်ရှိခဲ့သော် ဝါမှ ပြတ် သော်လည်း အာပတ်မသင့်ကြောင်း ပညတ်တော်မူ
ခဲ့ပါသေးတယ် ။ ယင်းတို့မှာ  သရဲ ၊ မြွေ ၊ခိုးသူ ၊ဘီလူး စသော အန္တရာယ်ရှိသော အရပ်တို့ ဖြစ်၍  ထို အန္တရာယ်
ရှိသော  အရပ်များမှ ထွက်ခွာသွားနိုင်ကြောင်း ၊ ထိုသို့ ထွက်ခွာ သွားခြင်းကြောင့် ဝါပြတ် ခြင်း ဖြစ်ခဲ့သော် 
အာပတ်မသင့်ကြောင်း ပညတ်တော်မူခဲ့ပါတယ်။  ထို့ပြင် ရေဘေး မီးဘေး ကြုံရသော အရပ်မှ လည်း ထွက်ခွာ
နိုင်ကြောင့် မိန့်တော်မူခဲ့ပါသေးတယ် ။ရဟန်း ၏ ဆွမ်းခံရွာ သည်  ခိုးသူရန်ကြောင့် ပြောင်းရွှေ့  ရလျှင် ရဟန်း
သည်လည်း အခြား ဆွမ်းခံရွာ ရှိရာသို့  ထွက်ခွာသွားနိုင်ကြောင်း ၊ ရွာ မညီညွတ်၍ နှစ်ခြမ်းကွဲလျှင် ရဟန်းတို့
သည် လူအများစုရှိရာ သဒ္ဓါတရား ရှိရာ အရပ်သို့ သွားနိုင်ကြောင်း ခွင့်ပြုခဲ့ပါတယ် ။ ဝါကပ်သော ရဟန်း တို့
အတွက် သင့်လျော်သော ဆွမ်းဘောဇဉ် ဆေး အလုပ်အကျွေးတို့ မရရှိလျှင် အန္တရာယ် ဟု သတ်မှတ်နိုင်
ကြောင်း ပညတ်တော်မူခဲ့ပါသေးတယ် ။သံဃာတော် အချင်းချင်း ကွဲပြားလျှင်လည်း ဝါကပ်သော ရဟန်းသည်
သံဃာကွဲပြားရန် ပြုသည့် ပုဂ္ဂိုလ်အား သံဃာကွဲပြားရခြင်း ၏ အပြစ်ကို ပြောကြား၍ ထွက်ခွာ သွားနိုင်ပါတယ်  
ထို အခါတွင် ဝါပြတ်သော်လည်း အာပတ်မသင့်ပေ။  ဤ သို့ ဘုရားရှင်သည်ရဟန်းတော်များ ဝိနည်းတော်နှင့်
အညီ ဝါဆိုနိုင်ကြရန် စေ့စပ်သေချာစွာ ပညတ်တော်မူခဲ့ကြောင်း တွေ့မြင်နိုင်ကြပေတော့သည်။
                                                    အရှင်နန္ဒမဉ္ဖူ ရေးသားတင်ပြသည်။(၃-၈-၂၀၁၂)သောကြာနေ့။