နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 3 August 2012

“ဗုဒ္ဓ ကို ပူဇော် နည်း နှစ်မျိုးဖြင့် ပူဇော် ခြင်း”

အရဟံ ဂုဏ်တော်ရှင် မြတ်စွာဘုရားအား ပူဇော်ရာ တွင် အာမိသ ပူဇာ ဖြင့် ပူဇော်ခြင်း ၊ ဓမ္မ ပူဇာဖြင့်
ပူဇော်ခြင်း ဟူ၍ ပူဇော်နည်းနှစ်မျိုးရှိပါသည် ။
၁။ အာမိသပူဇာ = ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ( အသုံးအဆောင်များ) ဖြင့် ပူဇော် ရာတွင်
အရဟံ ဂုဏ်တော်ရှင် မြတ်စွာ ဘုရား၏ စိတ်တော်အစဉ် ကိလေသာ အညစ်အကြေး အနောက်အကျုတို့မှ
ကင်းသဖြင့် သန့်ရှင်း ကြည်လင်လျက် ရှိတော်မူပုံ ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု ဟူသမျှတို့ကို
ကိုယ်ဖြင့် ပြုတော် မမူ နှုတ်ဖြင့် ပြောတော်မမူ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့်  အတုမရှိသော သီလ ဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် တို့နှင့် ကုံလုံပြည့်ဝ၍  ပူဇော်မှုကို အထူးခံယူတော်မူထိုက်ပုံ စသော ဂုဏ်ရည်တို့ကို
ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီ  ယုံကြည်စွာ ရှိခိုးလျက် လှူဒါန်း စရာ အသီးသီးတို့ ကပ်လှူလျက်

“(၁၃၇၄) ရဲ့ ဒုတိယဝါဆိုလပြည့်ကျော်၁ရက်နေ့ မှတ်တမ်း ဆောင်ပါး”

 ၁၃၇၄-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ရက်နေ့ ညနေတွင် အိန္ဒိယ နိုင်ငံ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ပိုင် ကျောင်းသို့ အိန္ဒိယပညာသင်ရဟန်းတော်များ ကြွရောက်၍ ဝါဆိုဝါကပ်ကြလေသည်။  
မိမိ တို့သည် ဘုရားရှင် ပွင့်ထွန်းခဲ့ရာနေရာ တစ်နည်းဆိုရသော်  ဗုဒ္ဓမြတ်စွာရရှိခဲ့သောတရားတော်များ၏  ဓမ္မသရခေါ် တရား နှင့်ပျော်မွေ့ခဲ့ရာနေရာဖြစ်သော မဇ္ဈိမ ဒေသ တွင် ယခု ကဲ့သို့ ဝါဆိုခွင့် ရရှိခဲ့ကြခြင်း မှာ
အလွန်ကံထူးသော မဟာ ကံထူးရှင်များ ဖြစ်သည့်အတွက် ဒီအခွင့်ရေးထူးများကို ရရှိသည် ဟု ဆိုလျှင် မှား
မည်မထင်ပေ။ မြန်မာနိုင်ငံတွင် သိန်းနှင့်ချီ၍ ရဟန်းတော်များ သီတင်းသုံးနေကြသည့်အနက် ဘုရားပွင့်ရာ

“ ဝါဆိုလပြည့် ဓမ္မစကြာနေ့”

ဒုတိယ ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့တွင် မိမိသည် မဇ္ဈိမဒေသ ခေါ် မြတ်ဗုဒ္ဓ ၏ မြေမြတ်မဟာ ဖြစ်သော ဘုရားပွင့်ရာ ဗုဒ္ဓဂယာ သို့ ရောက်၍ ဓမ္မစကြာပါဠိတော်များနှင့် ဘုရားဝတ်ပြုဂါထာတော်များ ရွတ်ဖတ်
ပူဇော်ခဲ့ပါသည် ။ ရွတ်ဖတ်ပြီး၍ စင်္ကြံလျှောက် ကာ လှည့်လည်မေတ္တာပို့သနေခိုက် ကမ္ဘာအသီးသီးမှ ဘုရား
ဝတ်ပြုသူများ၏ တရား အသံများကိုလဲ ကြားနေရသည် ။ ဗုဒ္ဓဘာသာ အယူချင်းတူညီကြသော်လည်း
လူမျိုးမတူ တိုင်းတစ်ပါးသားများဖြစ်၍ ရွတ်ဖတ်သံများကို နားမလည်သော်လဲ စိတ်ထဲ နှလုံးသားထဲမှာ ကြည်နူး
မှု များစွာ ခံစားခဲ့ရပါသည် ။ ဓမ္မ ပဿန္တော မံ ပဿတိ ဟူသော ရှင်တော်ဘုရား၏ မိန့်မှာ စကားအရ ဓမ္မကို